ချဲလ်ဆီးမှာ ထပ်မံပေါ်ပေါက်လာနိုင်တဲ့ အီဒင်ဟာဇက်လက်သစ်

ဇီးယက်ချ်တစ်ယောက်ကတော့ ချဲလ်ဆီးအသင်းမှာ ဆုံးဖြတ်ချက်တစ်ခုကို ချရပါတော့မယ်။ သူက ပြိုင်ဘက်ဧရိယာထဲကို ဝင်လိုက်ထွက်လိုက်နဲ့ ထိုးဖောက်နိုင်တယ်။ သူ့ရဲ့တောက်ပြောင်လှတဲ့ အရည်အသွေးကို အခုတစ်မိနစ်မှာ ပြနိုင်ပေမယ့် နောက်တစ်မိနစ်မှာ ခြေစွမ်းပျောက်သွားတာမျိုးလည်း ဖြစ်နေတတ်တယ်။ နောက်ထပ် ၁၈ လအတွင်း ချဲလ်ဆီးကို စွန့်ခွာသွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ် ဂျူဗင်တပ်ကို ၄-၀ နဲ့ အနိုင်ရရှိတဲ့ပွဲကလို ခြေစွမ်းမျိုး သူပြမယ်ဆိုရင်တော့ ၂၀၁၉ ဟာဇက် ရီးရဲမက်ဒရစ်ကို ထွက်ခွာသွားပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ ဖျော်ဖြေမှုရသ ပေးနိုင်တဲ့ ကစားသမား လစ်ဟာနေမှုကွက်လပ်ကို ဇီးယက်ချ် ဝင်ဖြည့်ပေးနိုင်မှာ သေချာပါတယ်။ တခြား ဘယ်ချဲလ်ဆီး ကစားသမားမှ မော်ရိုကိုလက်ရွေးစင် ဇီးယက်ချ်လောက် ဒီနေရာကို ဝင်ဖြည့်ဖို့ အဖက်ဖက်က အရည်အချင်းနဲ့ ပြည့်စုံတာ မရှိဘူး။ သူက ပြိုင်မြင်းတစ်ကောင်လို ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုးနဲ့ … Continue reading ချဲလ်ဆီးမှာ ထပ်မံပေါ်ပေါက်လာနိုင်တဲ့ အီဒင်ဟာဇက်လက်သစ်