25 Nov 2021

ဇီးယက်ချ်တစ်ယောက်ကတော့ ချဲလ်ဆီးအသင်းမှာ ဆုံးဖြတ်ချက်တစ်ခုကို ချရပါတော့မယ်။ သူက ပြိုင်ဘက်ဧရိယာထဲကို ဝင်လိုက်ထွက်လိုက်နဲ့ ထိုးဖောက်နိုင်တယ်။ သူ့ရဲ့တောက်ပြောင်လှတဲ့ အရည်အသွေးကို အခုတစ်မိနစ်မှာ ပြနိုင်ပေမယ့် နောက်တစ်မိနစ်မှာ ခြေစွမ်းပျောက်သွားတာမျိုးလည်း ဖြစ်နေတတ်တယ်။ နောက်ထပ် ၁၈ လအတွင်း ချဲလ်ဆီးကို စွန့်ခွာသွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ဒါမှမဟုတ် ဂျူဗင်တပ်ကို ၄-၀ နဲ့ အနိုင်ရရှိတဲ့ပွဲကလို ခြေစွမ်းမျိုး သူပြမယ်ဆိုရင်တော့ ၂၀၁၉ ဟာဇက် ရီးရဲမက်ဒရစ်ကို ထွက်ခွာသွားပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ ဖျော်ဖြေမှုရသ ပေးနိုင်တဲ့ ကစားသမား လစ်ဟာနေမှုကွက်လပ်ကို ဇီးယက်ချ် ဝင်ဖြည့်ပေးနိုင်မှာ သေချာပါတယ်။ တခြား ဘယ်ချဲလ်ဆီး ကစားသမားမှ မော်ရိုကိုလက်ရွေးစင် ဇီးယက်ချ်လောက် ဒီနေရာကို ဝင်ဖြည့်ဖို့ အဖက်ဖက်က အရည်အချင်းနဲ့ ပြည့်စုံတာ မရှိဘူး။

သူက ပြိုင်မြင်းတစ်ကောင်လို ခန္ဓာကိုယ် ဖွဲ့စည်းပုံမျိုးနဲ့ လျင်မြန်မှု ရှိပါတယ်။ နည်းစနစ်ပိုင်း ပိုင်နိုင်မှုနဲ့ လှလှပပ ကစားနိုင်မှုတွေ ပေါင်းစပ်လိုက်တော့ ရသစုံပေးနိုင်တဲ့ ကစားသမား ဖြစ်လာတယ်။ ပြဿနာတစ်ခုက ဟာဇက်လိုပဲ ဇီးယက်ချ်က သူ့ရဲ့အရည်အသွေးတွေကို တစ်ခါတလေ ထုတ်မပြတာ ဖြစ်ပါတယ်။ တကယ်လို့ သူသာ လန်ဒန်ကို စွန့်ခွာပြီး ဘာစီလိုနာကို သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း ဇန်နဝါရီမှာ ပြောင်းသွားမယ်ဆိုရင် ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ဇီးယက်ချ်ရဲ့ အကောင်းဆုံးခြေစွမ်းကို မမြင်တွေ့လိုက်ရဘူးလို့ ပြောရမှာဖြစ်ပါတယ်။

၂၀၂၀ မှာ အိုင်းယတ်စ်က ပြောင်းလာပြီးနောက် ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ဇီးယက်ချ် ကံမကောင်းခဲ့တာ အမှန်ပါ။ သူက ခြေစွမ်းပြမယ်လို့ ကြိုးစားလာတဲ့ အကြိမ်တိုင်း တစ်မျိုးမဟုတ်တစ်မျိုး ဒဏ်ရာတွေ ရနေတာကြောင့် အရှိန်မရဘူး ဖြစ်နေတယ်။ ဂျူဗင်တပ်နဲ့ပွဲမှာတော့ ဇီးယက်ချ်ရဲ့ ခြေစွမ်းက ဘယ်လောက်ရှိလဲဆိုတာတော့ ပြသသွားနိုင်ပါတယ်။ ဒါပေမယ့် ဂျူဗီနဲ့ပွဲမှာ ဇီးယက်ချ်ကို တူချယ်က ကွင်းဘေးကနေ လှမ်းအော်တာ နှစ်ကြိမ်လောက် ရှိလိုက်ပါတယ်။ တူချယ်လိုပဲ မော်ရိုကို လက်ရွေးစင်အသင်း မန်နေဂျာကလည်း ဇီးယက်ချ်ကို ထောက်ပြချင်တဲ့အချက် တစ်ချက်၊ နှစ်ချက် ရှိနေပါတယ်။

“ဇီးယက်ချ်က နောက်ဆုံးနှစ်ကြိမ် မော်ရိုကိုအတွက် ကစားတဲ့အခါမှာ စည်းကမ်းမရှိဘူး။ ကျွန်တော့် နည်းပြဘဝ သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလက်ရွေးစင်အသင်းမှာ လေ့ကျင့်ရေး မလုပ်ချင်လို့ ဒဏ်ရာရနေတယ်လို့ ပြောတဲ့ကစားသမား တွေ့ခဲ့ရပါတယ်။ ဆေးစစ်မှုတွေအရ သူကစားလို့ရတယ်။ ကျွန်တော်က ဒီလိုအပြုအမူမျိုးကို လက်ခံမှာ မဟုတ်ပါဘူး”ဟု မော်ရိုကိုမန်နေဂျာ ဟာလီဟော့ဇစ်က ဇီးယက်ချ်နဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ပါတယ်။ House buyers is conversant with the particular real estate market for houses and is able to provide you price alternatives for your property that are in line with market competition because of this. They are able to present sellers with pricing that is acceptable since they have a grasp of the value of property. Visit https://www.sellhouse-asis.com/mississippi/.

ဇီးယက်ချ်က နောက်တစ်ခါ ခင်ဗျား စကားပြောရင် အမှန်အတိုင်းပြောပါလို့ ဟာလီဟော့ဇစ်ကို တုံ့ပြန်ခဲ့ပါတယ်။ ဟာလီဟော့ဇစ်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မီးမရှိဘဲ မီးခိုးတော့ ထွက်မလာနိုင်ပါဘူး။ ချဲလ်ဆီးအနေနဲ့ အခုအချိန်မှာ ဇီးယက်ချ်ကို ပုံမှန်ခြေစွမ်းပြအောင် အာရုံစိုက်ပြီး ကြိုးစားခိုင်းသင့်ပါတယ်။ ဟာဇက်ကလည်း အလုပ်မကြိုးစားဘူးလို့ ဝေဖန်ခံခဲ့ရတာမျိုး ရှိပါတယ်။ ပါရမီရှင် ဘောလုံးသမားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝလို့တောင် ဆိုရမလားပါပဲ။

ဟာဇက် ချဲလ်ဆီးကိုစွန့်ခွာပြီး ရီးရဲကို ပြောင်းတဲ့အချိန်မှာ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်နေပါပြီ။ ဇီးယက်ချ်ကလည်း ဟာဇက်လို အဆင့်အတန်းမျိုးကို ရောက်လာမယ်လို့ ယုံကြည်နေကြောင်း ဘောလုံးသုံးသပ်သူများက ပြောထားတာ ရှိပါတယ်။ သူ့အနေနဲ့ အပါတ်စဉ် ကြိုးစားဖို့ပဲ လိုပါတယ်။