22 Jan 2021

ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်ဟာ ရီးရဲမက်ဒရစ်အသင်းကို ၂၀၁၂ ခုနှစ်က စပါးစ်အသင်းကနေပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အခုဆိုရင် အသင်းမှာကစားနေခဲ့တာဟာ ၉ နှစ်ကြာရှိခဲ့ပြီဖြစ်ပါတယ်။ သူဟာ ၉ နှစ်ကြာကာလအတွင်း ရီးရဲမက်ဒရစ်အသင်းနဲ့အတူ လာလီဂါဆုဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဆုဖလား ၃ ကြိမ်၊ စပိန်ဘုရင့်ဖလား ၁ ကြိမ်အပါအဝင် ဆုဖလားပေါင်းများစွာ ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် အသင်းနဲ့ သူရဲ့ စာချုပ်သက်တမ်းကလည်း ကုန်ဆုံးဖို့နီးနေပြီဖြစ်တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေလည်း ထွက်ပေါ်နေတဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအသင်းရဲ့အခြေအနေ၊ သူ့ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေကို ပရိသတ်တွေသိရှိစေဖို့အတွက် တင်ပြလိုက်ပါတယ်။

ခင်ဗျားရဲ့ အသင်းနဲ့စာချုပ်သစ်ထပ်မံချုပ်ဆိုရေးနဲ့ပတ်သက်ပြီး ဘယ်လိုရှိနေလဲ။
ရီးရဲမက်ဒရစ်အသင်းနဲ့ ကျွန်တော့်ရဲ့ဆွေးနွေးမှုတွေက အရာအားလုံးအကောင်းဆုံးဖြစ်နေပါတယ်။ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးလည်း ကျေနပ်မှုရှိပါတယ်။ အခုအချိန်မှာတော့ အဲဒါထက်ပိုပြီး ကျွန်တော့်အနေနဲ့ မပြောနိုင်သေးပါဘူး။

Real Madrid: Luka Modrić still remains crucial to the team's success


အခုဆိုရင် ခင်ဗျားရဲ့အသက်ကလည်း ၃၅ နှစ်ရှိပြီဖြစ်တော့ ကြံ့ခိုင်မှုပိုင်းကရော ဘယ်လိုအခြေအနေမှာရှိနေတယ်လို့ပြောနိုင်လဲ။
ကျွန်တော့်အနေနဲ့ ထူးထူးခြားခြားပြောင်းလဲမှုတွေတော့ မရှိပါဘူး။ အသင်းနဲ့အတူလေ့ကျင့်မှုတွေကိုလည်း လက်ရှိအချိန်အထိအပြင်းအထန်ပြုလုပ်နေတုန်းဖြစ်ပါတယ်။ အခုအချိန်အထိ လည်း ကျွန်တော်ဟာ အကောင်းဆုံးဆန္ဒတွေနဲ့အတူ ကြိုးစားနေတုန်းဖြစ်သလို အသင်းဖော်တွေကိုကူညီပြီး ကျွန်တော့်ရဲ့အရည်အသွေးတွေကို သက်သေပြဖို့ရှိနေပါသေးတယ်။ အသက်အရွယ်ဟာ ကျွန်တော့်အတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ကွင်းထဲရောက်တဲ့အခါ အသက်ကိုစဉ်းစား နေလို့မရပါဘူး။ ကျွန်တော့်အနေနဲ့ အခုလိုအဆင့်မျိုးမှာ နောက်ထပ်နှစ်အနည်းငယ်ထပ်မံကစားနိုင်ပါသေးတယ်။


ခင်ဗျားအနေနဲ့ အသင်းဟောင်း စပါးစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေမှုအပေါ် ဘယ်လိုစဉ်းစားထားလဲ။
ကျွန်တော်အရင်တုန်းကပြောခဲ့သလိုပါပဲ။ စပါးစ်အသင်းကိုပြန်ဖို့က ကျွန်တော့်အနေနဲ့ အသက်အနည်းငယ် ရှိနေပါပြီ။ လက်ရှိအချိန်မှာကလည်း အသင်းနဲ့အတူ စာချုပ်သစ်ထပ်မံချုပ်ဆိုရေးကဆွေးနွေးနေတုန်းဖြစ်တာကြောင့် ဘာဖြစ်မလဲဆိုတာကို မသိနိုင်သေးပါဘူး။ အခုအချိန်မှာ ကျွန်တော်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့ကိုသာ အာရုံစိုက်ထားပါတယ်။


ခင်ဗျားရဲ့အသင်းဖော် ဟာဇက်ကတော့ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေခဲ့ရတယ်နော်။ အဲဒါကိုလည်း ပြောပြပါဦး။
ဟာဇက်ကတော့ ကံမကောင်းစွာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် ဆက်တိုက် ပွဲထွက်ကစားခွင့်တွေပျောက်ဆုံးခဲ့ရတယ်။ အဲဒီလို ပုံမှန်မကစားရခြင်းကြောင့်လည်း သူရဲ့ ခြေစွမ်းတွေက အကောင်းဆုံးဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက သူဟာ ချဲလ်ဆီးအသင်းမှာ ဘယ်လိုကစားနိုင်ခဲ့လဲဆိုတာနဲ့ သူ့အနေနဲ့ ကြံ့ခိုင်မှုတွေရတဲ့အခါ ရီးရဲမက်ဒရစ်အသင်းအတွက် ဘယ်လိုကစားနိုင်လဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိထားပါတယ်။ သူဟာ ထိပ်တန်းအဆင့်ရှိတဲ့ကစားသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့ အရည်အချင်းတွေကို မကြာခင်သက်သေပြနိုင်မယ်ဆိုတာကလည်း သေချာပါတယ်။ သူ့အနေနဲ့ ဒဏ်ရာပြဿနာနဲ့ ကင်းလွတ်ပြီး ဆက်တိုက်ပြန်လည်ကစားနေဖို့တော့ လိုအပ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းက သူ့ကိုခေါ်ယူခဲ့တာဟာ ဆုဖလားတွေရယူနိုင်ဖို့ဖြစ်ပြီး သူ့မှာလည်း အဲဒီလိုအရည်အချင်းတွေရှိနေပါတယ်။

Real Madrid: A Luka Modric extension is the most wonderful news


လက်ရှိအချိန်မှာ ခင်ဗျားအနေနဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ အလှည့်ကျပါဝင်ကစားခွင့်ရနေတာနဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ။
ကျွန်တော့်အနေနဲ့ အရင်ကပြောခဲ့တဲ့အတိုင်းပါပဲ။ အလှည့်ကျကစားစေတာက မန်နေဂျာရဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့အနေနဲ့လုပ်ရမှာက ကိုယ်ကစားရမယ့်အလှည့်မှာ အကောင်းဆုံး ကစားပေးဖို့ဖြစ်ပါတယ်။ အကောင်းဆုံးကစားပေးရမှာက ကျွန်တော်တို့လုပ်ရမယ့်အလုပ်ဖြစ်ပြီး ဆုံးဖြတ်ရမှာက သူတို့အလုပ်ဖြစ်ပါတယ်။


ခင်ဗျားနဲ့ နည်းပြဇီဒန်းရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။
ကျွန်တော်နဲ့ သူနဲ့ကြားက ဆက်ဆံရေးက အကောင်းဆုံးရှိပါတယ်။ ကျွန်တော်ဟာ သူနဲ့အတူတွဲပြီး ဆုဖလားတွေလည်းရယူပေးခဲ့ကြတာဖြစ်ပြီး တစ်ဦးအပေါ်တစ်ဦး အပေးအမှုမျှတယ်လို့ ဆို နိုင်ပါတယ်။


ပြီးခဲ့တဲ့ရာသီက အငှားနဲ့ကစားခဲ့စဉ် ဆိုစီဒက်အသင်းမှာခြေစွမ်းပြတာကြောင့်အသင်းကနေ ပြန်ခေါ်ထား တဲ့ လူငယ်ကွင်းလယ်ကစားသမား အိုဒီဂတ်နဲ့ပတ်သက်ပြီး ဘယ်လိုအကြံဉာဏ်တွေပေးချင်လဲ။
ကျွန်တော်ကတော့ သူဟာ ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတစ်ဦးလို့ထင်ပါတယ်။ သူ့ကို အကြံပေးချင်တာက လေ့ကျင့်မှုတွေကို အပြင်းထန်ကြိုးစားလုပ်ဆောင်ဖို့နဲ့ အသင်းမှာနေရာရဖို့အတွက် ကြိုးစားဖို့ဖြစ်ပါတယ်။ သူ့အနေနဲ့ အသင်းမှာကစားခွင့်ရလာတဲ့အခါ အကောင်းဆုံးကစားပြီး အဲဒီနေရာမှာကစားဖို့အတွက် ထိုက်တန်မှုရှိတယ်ဆိုတာကိုပြသဖို့ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကိုပြောနိုင်တာကတော့ ဒါအကုန်ပါပဲ။ လက်ရှိအချိန်မှာလည်း သူဟာ အကောင်းဆုံးကစားနေနိုင်သလို အသင်းကိုလည်းကူညီပေးနေသူဖြစ်ပါတယ်။

Real Madrid: 5 burning questions from the Spanish Supercup loss


ခင်ဗျားအနေနဲ့ ရီးရဲမက်ဒရစ်ပရိသတ်ကြီးကို ဘာပြောချင်လဲ။
ကျွန်တော်တို့အနေနဲ့ စပိန်စူပါဖလားကနေထွက်ခဲ့ရပေမယ့် အခြားပြိုင်ပွဲတွေမှာ ဆုဖလားတွေရအောင် ကြိုးစားသွားမှာပါ။ လက်ရှိလာလီဂါမှာလည်း ဒုတိယနေရာမှာ ရပ်တည်နေနိုင်တာကြောင့် နောက်ဆုံးအချိန်အထိ ဆုဖလားရဖို့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။

ကြယ်ခသူ