14 Mar 2021

ပြင်သစ်တိုက်စစ်မှူး ဘင်ဇီမာဟာ ၂၀ဝ၉ ခုနှစ်က လိုင်ယွန်အသင်းကနေ ရီးရဲမက်ဒရစ် အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ အတူကစားနေခဲ့တာဟာ ၁၂ ရာသီတိုင်နေခဲ့ပြီ လည်းဖြစ်ပါတယ်။ ဘင်ဇီမာရဲ့ ရီးရဲမက်ဒရစ် အသင်းကို ရောက်ရှိခဲ့စဉ်အကြောင်းအရာတွေ၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ ဇီဒန်းနဲ့ပတ်သက် တဲ့ ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေကို ပရိသတ်တွေသိရှိစေဖို့အတွက်တင်ပြလိုက်ပါတယ်။

VIDEO: 10 Years of Karim Benzema at Real Madrid - Infinite Madrid

ရီးရဲမက်ဒရစ်အသင်းကိုရောက်ရှိခဲ့စဉ်က အကြောင်းအရာကိုလည်း ပြောပြပါဦး။
ကျွန်တော်ဟာ ရီးရဲမက်ဒရစ်အ သင်းကို ရောက်ရှိခဲ့စဉ်ကအသက် က ၂၁ နှစ်သာရှိနေသေးတာဖြစ်ပြီး ကိုယ်ကိုကိုယ်အကောင်းဆုံးရပ်တည် နိုင်ဖို့ကြိုးစားခဲ့ရပါတယ်။ မိသားစုက ကျွန်တော့်ကိုလာမကြည့်နိုင်ခဲ့ပါဘူး။ ကျွန်တော်ဟာ မိသားစုနဲ့အတူကြီးပြင်း လာခဲ့တဲ့သူဖြစ်တာကြောင့် သူတို့မရှိ ပဲ ရီးရဲမက်ဒရစ်အသင်းမှာရပ်တည်ရ တဲ့အခါအရမ်းကို ခက်ခဲခဲ့ပါတယ်။


ဘင်ဇီမာအနေနဲ့ ငွေဟာ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တယ်လို့ထင်လား။
ဒါဟာ ဘယ်သူကမှ သဘောတူနိုင်မယ့်အဆိုတော့မဖြစ်နိုင်ပါဘူး။ ငွေဟာ တော်တော်များများကိစ္စတွေအ တွက်တော့ အကူအညီရပါတယ်။ ဒါပေမယ့် ပျော်ရွှင်ဖို့အတွက်တော့ ငွေတွေ မီလီယံချီပြီးရှိနေဖို့မလိုအပ်ပါဘူး။ ကျွန်တော်ဟာ လူငယ်ဘဝတုန်းကဆိုရင် ဘာမှမရှိဘူး။ ဒါပေမယ့် ကျွန် တော်ပျော်နေခဲ့တာပါပဲ။ ကျွန်တော် ဟာ တနေ့လုံး နံရံတွေနဲ့ ကားဂိုထောင် တံခါးတွေကို ဘောလုံးနဲ့ကန်ကစားပြီး ပျော်ရွှင်နေခဲ့တာပါ။ ကျွန်တော်ဟာ ဘောလုံးနဲ့သာကြီးပြင်းခဲ့တဲ့ ကလေး တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

La Liga news - Brilliant Karim Benzema second-half brace rescues Real  Madrid to secure Elche win - Eurosport


ခင်ဗျားမှာ မိတ်ဆွေအပေါင်းအသင် းတော်တော်များများရှိနေလား။
ကျွန်တော့်မှာ အခုအချိန်အထိ အရမ်းကို ခင်မင်ရင်းနှီးရတဲ့မိတ်ဆွေသူငယ်ချင်းက တစ်ဦးသာရှိပါတယ်။ အဲဒါက ဘာကိုပြလည်းဆိုရင် မိတ်ဆွေစစ်မိတ်ဆွေမှန်ဟာ ကျွန်တော်အတွက်တော့အရမ်းကိုအရေးပါလွန်းတဲ့ဆိုတဲ့ သင်္ကေတလည်းဖြစ်ပါတယ်။


ခင်ဗျားရဲ့အဖေက ခင်ဗျားရဲ့ ဘဝ အခုလိုအောင်မြင်မှုရဖို့အတွက် ဘယ်လောက်တောင် အရေးပါတဲ့သူအဖြစ်ရှိနေလဲ။
သူဟာ သားသမီးကိုဖြစ်ချင်ဇောအရမ်းကြီးတဲ့မိဘမျိုးပါ။ သူ့ကြောင့်လည်း ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာတွေက သံမဏိလိုခိုင်မာကြံ့ခိုင်နေတာလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သူ့ကို ကျေဇူးတင်နေတယ်ဆိုတာက တော့သေချာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့မှာ အခုလိုရပ်တည်နိုင်တာကလည်း သူသင်ပေးခဲ့တဲ့ပညာတွေ ကြောင့်လို့ပြောရမှာဖြစ်ပါတယ်။

SportMob – Top facts about Karim Benzema


ဆိုရှယ်မီဒီယာကို ခင်ဗျားအနေနဲ့ ဘယ်လိုထင်လဲ။ ကောင်းကျိုးတွေက ဘာရှိမယ်လို့ထင်လဲ။
ဆိုရှယ်မီဒီယာဟာ ကျွန်တော်ကိုပရိသတ်တွေနဲ့ ပိုမိုရင်နှီးစေပါတယ်။ ဘောလုံးနဲ့ပတ်သက်တဲ့အရာတွေသာမက အခြားအရာတွေကိုလည်း ကျွန်တော့်ကို ချစ်တဲ့သူတွေအတွက် ဝေမျှပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ကျွန်တော်ကလေးတွေနဲ့ အတူရိုက်ထားတဲ့ဓါတ်ပုံတွေကို ပရိသတ်တွေဆီကိုဝေမျှပေးတာပါ။ ကျွန်တော်ဟာ ဖခင်တစ်ဦးဖြစ်ပြီး ကျွန်တော့်မှာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ကလေးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်ဘဝကလည်း ပြောင်းလဲမှုတွေရှိနေခဲ့ပြီလို့ပြောရမှာပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် ကျွန်တော့်ဘဝက အခုလိုဖြစ်လိမ့်လို့ မထင်ခဲ့မိပါဘူး။ အဓိကအရာက ကျွန်တော့်ကလေးတွေကြောင့် ကျွန်တော့်ရဲ့ ဘဝက ပျော်ရွှင်မှုတွေရနေတာဖြစ်ပါတယ်။


ရီးရဲမက်ဒရစ်နည်းပြဇီဒန်းနဲ့ ခင်ဗျားရဲ့ ဆက်ဆံရေးက ဘယ်လို့ရှိလဲ။
သူဟာ ကျွန်တော့်အတွက်တော့ အကိုတစ်ယောက်လိုပါပဲ။ ကွင်းထဲမှာ မဟုတ်ရင်တောင် သူကကျွန်တော့်ကို ကောင်းမွန်တဲ့အကြံÓဏ်တွေပေးပါတယ်။ သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကအကောင်းဆုံးရှိနေတယ်လို့ပြောရမှာပါ။

Karim Benzema On Playing With Cristiano Ronaldo At Real Madrid


ရော်နယ်ဒိုထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း ခင်ဗျားရဲ့ကစားသမားဘဝက ဘယ်လိုရှိလဲ။
ရော်နယ်ဒို ထွက်ခွာသွားခဲ့ခြင်းက ကျွန်တော့်ကို မတူညီတဲ့နေရာမှာကစားဖို့အတွက် အခွင့်အရေးတွေဖြစ်လာခဲ့တယ်လို့ပြောရမှာပါ။ သူဟာ နှစ်တိုင်း ဂိုး ၅၀နဲ့ ၆၀ ကြားသွင်းနိုင်တဲ့သူဖြစ်ပြီး သူနဲ့လည်း ကျွန်တော်ဟာ အသားကျအောင်ကစားနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ သူ့ရဲ့ဘေးမှာ ကစားခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်တော်ဟာ ပျော်ရွှင် ကျေနပ်ခဲ့ရပါတယ်။


ခင်ဗျားရဲ့စံပြုရတဲ့သူတွေက ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုနဲ့ မိုက်တိုင်ဆန်လို့ပြောတယ်နော်။ အဲဒါကိုလည်း ပြောပြပါဦး။
ကျွန်တော့်မှာ လေးစားအားကျရတဲ့သူမရှိပါဘူး။ ဒါပေမယ့် စံပြုရတဲ့ သူကတော့ရှိပါတယ်။ ဘောလုံးကစားသမားထဲမှာဆိုရင်တော့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုဟာ ကျွန်တော်စံပြုရတဲ့ ကစားသမားပါ။ အခြားသူတစ်ဦးဆိုရင်တော့ မိုက်တိုင်ဆန်ကိုပြောရမှာပါ။ သူနဲ့ကျွန်တော်တို့ဟာ အောက်ခြေလူတန်းစားကနေ ဘဝကိုရုန်းကန်လာခဲ့ကြရတာပါ။ ဘယ်အရာကိုမှ အရှုံးမပေးပဲ ရပ်တည်ခဲ့ကြတာလည်းဖြစ်ပါတယ်။


ခင်ဗျားဟာ စိတ်ခံစားမှုတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြသလေ့ရှိတဲ့ သူလား။
ကျွန်တော်ဟာ အရမ်းခံစားတက်တဲ့သူဖြစ်ပေမယ့် ကျွန်တော်ရဲ့ခံစားမှုတွေကို ထုတ်ဖော်ပြသတက်တဲ့သူတော့မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ စိတ်ဓါတ်ကျနေတဲ့အချိန်တွေဆိုရင် တောင် ဘယ်သူမှမသိအောင် နေတတ်ပါတယ်။


ခင်ဗျားဘဝအတွက် အမဲစက်လို့ ပြောလို့ရတဲ့ ဗယ်ဘူနာကိစ္စက ခင်ဗျား ဘဝကို ဘယ်လောက်အထိထိခိုက်မှု ရှိခဲ့လဲ။
ကစားသမားတစ်ဦးရဲ့ ဘဝမှာတော့ အတက်အကျဆိုတာဟာ အမြဲတမ်းကြုံတွေရမယ့်အရာတွေဖြစ်ပါတယ်။ အဲဒီကိစ္စဟာ ကျွန်တော့်ဘဝအတွက် အဆိုးရွားဆုံးအခြေအနေတစ်ခုလို့ပြောရမှာပါ။ လူတိုင်းကတော့စိန် ခေါ်မှုတွေကို ရင်ဆိုင်ကြရတာဖြစ်ပါ တယ်။ ကျွန်တော့်ရဲ့ ရင်ဆိုင်ရမှုက တော့ကြီးကျယ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ပုခုံးတွေဟာ အဲ ဒီဝန်ထုတ်ဝန်ပိုးကို ထမ်းပိုးဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုတွေရှိပါတယ်။ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာကလည်း အဲဒီကိစ္စကို ကောင်းကောင်းဖြေရှင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ ဘယ်တော့မှအရှုံးမပေးပါဘူး။

Karim Benzema's garage


ခင်ဗျားဘဝအတွက် ကားနဲ့ သီချင်းတွေက ဘယ်လောက်အထိအရေးပါတယ်လို့ပြောနိုင်လဲ။
ကားနဲ့ သီချင်းတွေကို မကြိုက်တဲ့ သူက ဘယ်မှာရှိမှာလဲဗျာ။ လူတိုင်းကတော့ ကားနဲ့ သီချင်းတွေကိုကြိုက်နှစ်သက်ကြတာကြီးပါပဲ။


လက်ရှိကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီးလည်း ပြောပြပါဦး။

ကျွန်တော်တို့ဟာ မကြာခင် ဒီကပ်ရောဂါကြီးကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန် တော်တို့ဟာ ပရိသတ်တွေမပါတဲ့ ကွင်း တွေထဲမှာ မကစားချင်ပါဘူး။ ဒါပေ မယ့် ကစားနေခဲ့ရပါတယ်။

ကြယ်ခသူ