20 Dec 2022

ကမ္ဘာ့ဖလားအရယူလိုက်နိုင်တဲ့ မက်ဆီက ရော်နယ်ဒိုကို နောက်ထပ်တစ်နေရာ ကျော်တက်သွားပြန်ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ အားကစားသမားတစ်ယောက်အနေနဲ့ အင်စတာဂရမ်မှာ ပို့စ်တင်တဲ့နေရာမှာ ပို့်စ်တစ်ခုချင်းစီအတွက် like အရေအတွက် အများဆုံးရရှိခဲ့တာပဲဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ အတူ ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက် မက်ဆီက ဓာတ်ပုံ ၁၀ ပုံနဲ့အတူ အင်စတာဂရမ်မှာ ပို့်စ်တစ်ခု တင်ခဲ့ပါတယ်။ နောက် ၁၇ နာရီအကြာမှာ မက်ဆီရဲ့ အဆိုပါ ပို့စ်ဟာ like အရေအတွက် စုစုပေါင်း ၅၁ သန်းရရှိခဲ့ပါတယ်။ ဆိုရှယ်မီဒီယာမှာ မက်ဆီကို followers အရေအတွက်လည်း သန်း ၄၀၀ ကျော်သွားခဲ့ပါတယ်။

မက်ဆီက အဆိုပါပို့စ်မှာ “ကမ္ဘာ့ချန်ပီယံ၊ အကြိမ်ပေါင်းမျာစွာ အိပ်မက်ခဲ့တာပါ။ အရမ်းကို လိုချင်ခဲ့တဲ့ ဆုဖလား ဖြစ်ပါတယ်။ အခုအချိန်အထိ ဒီဆုဖလားရတာကို မယုံနိုင်လောက်အောင် ဖြစ်နေရပါသေးတယ်” ဟု ရေးသားပြီး တင်ခဲ့ခြင်းဖြစ်သည်။

ထိုပို့စ်သည် ပြီးခဲ့သည့်လက ရော်နယ်ဒိုနှင့်မက်ဆီတို့ ချက်စ်ထိုးနေသော လူးဝစ်ဗီတွန် ကြော်ညာပို့စ်ထက် ပို၍ like အရေအတွက် များခဲ့သည်။ ထိုချက်စ်ထိုးသောပို့စ်တွင် like အရေအတွက် ၄၁.၉ သန်းရရှိခဲ့သည်။ သို့ရာတွင် ရော်နယ်ဒိုသည်အင်စတာဂရမ်တွင် followers အရေအတွက် ၅၁၉ သန်းဖြင့် follower အများဆုံးသူအဖြစ်တော့ ရပ်တည်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်လတွင် ဆိုရှယ်မီဒီယာ၌ follower သန်း ၅၀၀ ကျော်သွားသော ပထမဆုံး ပုဂ္ဂိလ်အဖြစ် ရော်နယ်ဒိုက မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည်။