18 Feb 2021

ပီဒရိုဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်မှာ ချဲလ်ဆီးအသင်းကနေ ရိုမာအသင်းကို ၃ နှစ် စာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ပီဒရိုဟာ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၉ ပွဲကစားပြီး ၄ ဂိုးသွင်းယူထားသူဖြစ်ကာ အသင်းအတွက် အရေးပါတဲ့သူတစ်ဦးအဖြစ် ရှိနေပါတယ်။ ဒါကြောင့် စီးရီးအေကိုပြောင်းရွှေ့လာခဲ့တာဟာ ရာသီဝက်ကျော်ရှိနေပြီ ဖြစ်တဲ့ ပီဒရိုရဲ့ အတွေ့အကြုံ၊ ယူရိုပါလိဂ်ပွဲစဉ်နဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေကို ပရိသတ်တွေသိရှိစေဖို့ တင်ပြလိုက်ပါတယ်။

ခင်ဗျားအနေနဲ့ ဥရောပထိပ်တန်းအသင်းတော်တော်များကနေ ကမ်းလှမ်းမှုတွေရရှိထားခဲ့ပေမယ့် ဘာကြောင့် ချဲလ်ဆီးသင်းကနေ ရိုမာအသင်းမှာ ပြောင်းရွှေ့ကစားဖို့ ရွေးချယ်ခဲ့လဲ။
ကျွန်တော်ဟာ ရိုမာအသင်းကို မပြောင်းရွှေ့ခင်က ကမ်းလှမ်းမှုတွေအများကြီးရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ရိုမာအသင်းကို ရွေးချယ်ခဲ့တယ်။ အဲဒီလိုရွေးချယ်ရတာကလည်း မတူညီတဲ့နိုင်ငံ၊ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ ဘာသာစကားပြောဆိုတဲ့နိုင်ငံမှာကစားချင်တာ ကြောင့်ဖြစ်ပါတယ်။ စပိန်နဲ့ အီတလီဟာ တူညီမှုတွေလည်းရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရ မယ်ဆိုရင်လည်း မတူညီတဲ့ ဘာသာစကားကိုစမ်းသပ်ချင်တဲ့ဆန္ဒရှိပါတယ်။ ကျွန်တော်ဟာ ယခင်က စီးရီးအေမှာ တစ်ခါမှမကစားဘူးပါဘူး။ ရွေးချယ်ရတဲ့အကြောင်းတွေအများကြီးထဲမှာမှ ကျွန်တော် ပျော်ရွှင်လို့ရွေးချယ်ရတာဖြစ်ပါတယ်။ ကျွန်တော်ဟာ နည်းပြဖြစ်သူနဲ့လည်း စကားပြောဆိုဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရိုမာအသင်းအောင်မြင်မှုတွေရအောင် ကူညီပေးသွားဖို့လည်း ဆန္ဒရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအချိန်အထိ စိန်ခေါ်မှုတွေ လုပ်သွားမှာပါ။ အခုလိုသာ ဆက်ကစားမယ်ဆိုရင် ဆုဖလားလည်း ရရှိနိုင်ပါတယ်။


ခင်ဗျားအနေနဲ့ ရိုမာမှာ အသားကျနေပြီလား။ စပိန်နဲ့တူလား။ ကန့်သတ်မှုတွေရှိနေတာကြောင့် လည်ပတ်မှုတွေကိုရော ကောင်းကောင်းလုပ်နိုင်လား။
အချိန်ကွဲပြားမှုတွေကြောင့် မလွယ်ကူဘူးလို့တော့ပြောရမှာပါ။ ကန့်သတ်မှုတွေကလည်း အများ ကြီးရှိတာကြောင့် ရိုမာမြို့မှာ ပျော်ရွှင်စွာနေရဖို့ကတော့ ခက်ခဲပါတယ်။ ကျွန်တော်ဟာ မြို့လယ် ကိုလည်း လည်ပတ်ပြီးပါပြီ။ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ သမိုင်းကြောင်းနဲ့ ထင်ရှားတဲ့ အကောင်းဆုံးမြို့တစ်မြို့ပါ။ ကျွန်တော် မြို့ကိုရောက်ရှိကတည်းက အမြဲတမ်းနွေးထွေးစွာ ဆက်ဆံခဲ့ကြသလို ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ စူပါမားကတ်တွေကိုသွားတဲ့အခါမှာလည်း ရင်းရင်းနှီးနှီးဆက်ဆံကြပါတယ်။ အဲဒါကလည်း အသင်းမှာ လျင်မြန်စွာအသားကျကစားနိုင်ဖို့အတွက် လွယ်ကူပါတယ်။ ပုံမှန်အားဖြင့်တော့ ပထမဦးဆုံး ရာသီဟာ ကစားသမားသစ်တွေအတွက် ဒေသစိမ်း၊ ဘာသာစကားမတူညီမှုတွေကြောင့် ရုန်းကန်ရတတ်ပါတယ်။ ကျွန်တော်ကတော့ အသင်း ဖော်တွေရဲ့ နွေးထွေးတဲ့ကြိုဆိုမှုတွေကြောင့် ကံကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအတွက်လည်း အရမ်းကိုပျော်ရွှင်ရပါတယ်။


နည်းပြ ဖွန်စီကာနဲ့ပတ်သက်ပြီး ခင်ဗျားအနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်လဲ။ သူ့ရဲ့အရည် အချင်းက ဘာဖြစ်မလဲ။
နိုင်လိုစိတ်ပြင်းထန်တဲ့ နည်းပြတစ်ဦးပါ။ သူဟာ အမြဲတမ်းနိုင်ပွဲရဖို့အတွက်လည်း ပြင်ဆင်မှုတွေလုပ်နေတဲ့သူဖြစ်ပါတယ်။ ဒီအပတ်အတွင်းမှာလည်း သူ့အနေနဲ့ ပြိုင်ဘက်အသင်းတွေနဲ့ တွေ့ဆုံတဲ့အခါ ယှဉ်ပြိုင်ရမယ့် နည်းစနစ်တွေကို ပြောင်းလဲထားပါတယ်။ သူဟာ တိုက်စစ်အသားပေးကစားတဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ဘောလုံး သီအိုရီကလည်း ကျွန်တော်တို့ သူ့ရဲ့လက်အောက် မှာ အေးဆေးသက်သာစွာ ကစားနိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။

Image result for pedroroma


အသင်းမှာ ခင်ဗျားကို ဘယ်လိုနေရာမျိုးမှာ ကစားစေလဲ။
ပုံမှန်အားဖြင့်တော့ ယခင်ကတည်းက ကျွန်တော်ကစားနေကျနေရာမျိုးမှာ ကစားရတာပါ။ အတွင်းပိုင်းမှာကစားရတာဖြစ်ပြီး အခွင့်အရေး ဖန်တီးပေးမှုနဲ့ တိုက်စစ်မှူးတွေနဲ့ ချိတ်ဆက်ကစားရတာဖြစ်ပါတယ်။ အဝတ်လဲခန်းမှာလည်း ကျွန်တော်ရဲ့အတွေ့အကြုံတွေကို ဝေမျှသလို လူငယ်ကစားသမားတွေကိုလည်း ကူညီပေးပါတယ်။ ကျွန်တော်ဟာ သူတို့ကိုအကြံတွေပေးသလို မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာ အားတက်မှုတွေဖြစ်အောင်လည်း လုပ်ဆောင်ပေးပါတယ်။ကျွန်တော်တို့အနေနဲ့ ရည်မှန်းထားတဲ့ အောင်မြင်မှုတွေကိုရဖို့ဆိုရင်ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့အသင်းတွေအဖြစ် တွေ့မြင်ရအောင် ကြိုးစားရမှာပါ။

Image result for pedroroma


ခင်ဗျားဟာ အဝတ်လဲခန်းမှာတော့ အတွေ့ အကြုံတွေကို ဝေမျှပေးရတယ်လို့ ပြောတယ်နော်။ ခင်ဗျားအနေနဲ့ အဝတ်လဲခန်းမှာတော့ ခေါင်း ဆောင်တစ်ဦးလို့ ခံစားမိလား။ ခင်ဗျားရဲ့အတွေ့ အကြုံတွေဟာ အသင်းကို ဘယ်လောက်အထိ ကူညီနိုင်မလဲ။
ကျွန်တော့်အနေနဲ့ အဝတ်လဲခန်းမှာတော့ ခေါင်းဆောင်တစ်ဦးအနေနဲ့ရှိလားဆိုတာကို မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေရရှိထားတဲ့သူဆိုတာကိုတော့ ကောင်းကောင်းသိပါတယ်။ အသင်းစုံမှာကစားခဲ့တဲ့သူဖြစ်သလို ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ချဲလ်ဆီးတို့မှာကစားခဲ့သလို စပိန်လက်ရွေးစင်အသင်းမှာလည်း ကစားခဲ့သူဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အချိန်ကြာမြင့်စွာပွဲတွေအများ ကြီးကစားထားခဲ့တာကြောင့် ကျွန်တော်ပြောဆိုမှုတွေကိုတော့ နားထောင်ပေးကြပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောသလိုပါပဲ။ ကျွန်တော်တို့အားလုံးဟာ စိတ်ဓာတ်ပိုင်းတွေညီညွှတ်နေပြီး အောင်မြင်မှုတွေရရှိအောင် ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့အသင်းမှာကလည်း အတွေ့အကြုံရှိတဲ့ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေရောနေတာကြောင့် ကောင်းမွန်တဲ့အသင်းအဖြစ်ရှိနေပါတယ်။

Image result for pedro roma europaleague


ခင်ဗျားအနေနဲ့ ဘောလုံးလောကမှာ ဆုဖလားတွေအများကြီးရရှိထားခဲ့ပြီဖြစ်တာကြောင့် ချဲလ် ဆီးကနေထွက်ခွာတော့ မွေးရပ်မြေကနေရီကျွန်း မှာပဲ စိတ်အေးလက်အေးနဲ့ ပျော်ရွှင်စွာပဲနေတော့ မယ်လို့ စဉ်းစားထားမိသေးလား။
အရိုးသားဆုံးေ ပြာရမယ်ဆိုရင် မရှိပါဘူး။ တဖြည်းဖြည်းနဲ့ ကစားသမားဘဝအဆုံးသတ်ချိန် က နီးကပ်လာပြီဆိုတာကတော့ အမှန်တရားပါပဲ။ ကျွန်တော်ကစားရမယ့်အချိန်က သိပ်မကျန်တော့ ပေမယ့် ဒီအသင်းကိုလာပြီး အသင်းနဲ့အတူ အောင် မြင်မှုတွေရယူသွားဖို့ ဆန္ဒရှိပါတယ်။ ရိုမာပရိသတ် တွေအနေနဲ့ ဘယ်လောက်အထိ အောင်မြင်မှုတွေ ကိုထပ်မြင်ရဖို့အတွက် ဆန္ဒရှိနေလည်းဆိုတာကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။


ဒီနှစ်ရာသီမှာ ရိုမာအသင်းအနေနဲ့ ယူရိုပါလိဂ် ရနိုင်လိမ့်မယ်လို့ထင်လား။
ကျွန်တော်တို့ အောင်မြင်နိုင်တယ်ဆိုတာကတော့ သေချာပါတယ်။ ယူရိုပါလိဂ်မှာ ထိပ်တန်း အသင်းတွေပါဝင်နေတာကြောင့် ပွဲတိုင်းကခက်ခဲမယ်ဆိုတာ သိပါတယ်။ ဘရာဂါအသင်းကလည်း သူတို့အိမ်ကွင်းမှာတော့ ယှဉ်ပြိုင်ရခက်ခဲ့တဲ့အသင်းပါ။ အဲဒီပွဲစဉ်အတွက်လည်း အကောင်းဆုံးပြင်ဆင်မှုတွေလုပ်ထားပါတယ်။ နှစ်ကျော့ကစားရတဲ့ပွဲဖြစ်တာကြောင့် အရေးကြီးပါတယ်။

ကြယ်ခသူ