9 Jan 2024

မနေ့ညက ကစားသည့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွင် မန်ယူသည် ဝီဂန်အသင်းကို ၀-၂ ဖြင့် အနိုင်ရရှိခဲ့သည်။ မန်ယူအတွက်ဂိုးများကို ပွဲချိန် ၂၂ မိနစ်တွင် ဒါးလော့နှင့် ပွဲချိန် ၇၄ မိနစ်တွင် ဖာနန်ဒက်စ် က ပင်နယ်တီမှ တဆင့်သွင်းယူခဲ့သည်။ ထိုပွဲကို အနိုင်ရရှိပြီးနောက် မန်ယူအသင်းမန်နေဂျာ တန်းဟက်က မန်ယူ၏ပိုင်ရှင်အဖြစ်ပါဝင်လာသော ရက်ကလစ်ဖ်သည် အသင်းအတွက် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုကို ယူဆောင်လာနိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ည်။ ရက်ကလစ်ဖ်သည် ပြီးခဲ့သည့်လက မန်ယူ၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သည်။

“ရက်ကလစ်ဖ်အသင်းကို ရောက်လာခြင်းက အားလုံးကို စိတ်ဓာတ်တက်ကြွစေခဲ့ပါတယ်။ အသင်းအတွင်းမှာလည်း အပြုသဘောဆောင်လာတယ်။ အလုပ်တွေကတော့ အများကြီးလုပ်ရဦးမှာဖြစ်ပါတယ်။ စိတ်ပျက်စရာ အရှုံးအချို့ရှိခဲ့ပေမယ့်လည်း အသင်းအတွင်းမှာ သက်ဝင်လှုပ်ရှားမှုတွေရှိအောင် ကြိုးစားနေရဦးမှာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းပြန်လာနိုင်အောင် ကြိုးစားနေပါတယ်”ဟု ဝီဂန်ကို အနိုင်ရသောပွဲအပြီးတွင် တန်းဟက်က ပြောဆိုလိုက်သည်။

ဝီဂန်အသင်းဘက်သို့ မန်ယူ၏ ပထမဂိုးကိုသွင်းယူပေးခဲ့သော ဒါးလော့ကလည်း “ရက်ကလစ်ဖ်က မန်ယူကို ကြိုးစားချင်စိတ်အားမာန်တွေ ယူဆောင်လာခဲ့ပါတယ်။ အနာဂတ်အတွက် အားမာန်အပြည့်နဲ့စောင့်ကြည့်နေပါတယ်။ နောက်ထပ် အနိုင်ပွဲတွေ အများကြီးရယူနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။ ကျွန်တော်တို့က မန်ယူပါ။ ပြိုင်ပွဲတွေအများကြီးကို အနိုင်ယူနိုင်အောင် ကြိုးစားသွားမှာပါ။ ဝင်ဘလေအထိ အရောက်သွားပြီး အောင်ပွဲယူနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဒါးလော့က ပြောဆိုလိုက်သည်။