12 Dec 2023

နိုက်ဂျီးရီးယား ဘောလုံးသမားတိုက်စစ်မှူး အိုဆင်ဟမ်သည် ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။ မော်ရိုကိုမှ ဟာကီမီ အီဂျစ်မှ ဆာလာတို့ကို ကျော်ဖြတ်ပြီး အိုဆင်ဟမ်သည် အဆိုပါဆုကို ရရှိသွားခြင်းဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ အိုဆင်ဟမ်သည် ၁၉၉၉ နွမ်နိုကာနူးနောက်ပိုင်းတွင် အဆိုပါဆုကို ပထမဆုံးရရှိသော နိုက်ဂျီးရီးယား ဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်သွားသည်။ ၎င်း၏အိပ်မက်အကောင်အထည်ပေါ်လာခြင်းဖြစ်ကြောင်း ယခုကဲ့သို့ အောင်မြင်မှုရရှိရေးတွင်ပါဝင်ခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း အိုဆင်ဟမ်က ပြောဆိုလိုက်သည်။

အိုဆင်ဟမ်သည် ပြိးခဲ့သည့်ဘောလုံးရာသီတွင် စီးရီးအေလိဂ်သွင်းဂိုး ၂၆ ဂိုးသွင်းယူပြီးနောက် နည်းပြချုပ် စပယ်လက်တီ၏ နာပိုလီအသင်းကို ၃၃ နှစ်ကြာဝေးကွာနေသော အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ရေးကူညီပေးနိုင်ခဲ့သည်။ ယခုနှစ် ဘလွန်းဒီအောဆုအတွက် မဲပေးမှုတွင်လည်း အိုဆင်ဟမ်သည် အဆင့် ၈ နေရာတွင် ရပ်တည်နိုင်ခဲ့ပြီး အဆိုပါစာရင်းတွင် အဆင့် ၁၀ အတွင်းဝင်သော ပထမဆုံးနိုက်ဂျီးရီးယား ဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

အိုဆင်ဟမ်သည် ၂၀၂၃ တွင် နိုက်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက် အာဖရိက နေးရှင်းဖလား ခြေစစ်ပွဲ ၄ ပွဲဝင်ကစားပြီး ၅ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ အိုဆင်ဟမ်သည် နိုက်ဂျီးရီးယားအသင်းနှင့်အတူ နေးရှင်းဖလားကို အရယူလိုနေကြောင်းလည်း သတင်းများက ဖော်ပြသည်.