28 Nov 2023

မန်ယူသည် ချဲလ်ဆီးအသင်း၏ ဂျာမန်တိုက်စစ်မှူးဟောင်း တီမိုဝါနာကို ပရီးမီးယားလိဂ်သို့ ပြန်ခေါ်ရန် စီစဉ်နေသည်။ ၂၀၂၂ တွင် ဂျာမန်ကလပ် လိုက်ပ်ဇစ်သို့ ချဲလ်ဆီးမှ ရောက်ရှိလာခဲ့သော ဝါနာကို အငှားဖြင့် ကမ်းလှမ်းမှုအချို့ ရှိနေခဲ့ပြီး မန်ယူသည် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ဝါနာကို အိုးထရက်ဖို့ဒ်သို့ ခေါ်ယူလိုခြင်းဖြစ်သည်။

စပိန်ကလပ်အသင်းကြီး ရီးရဲမက်ဒရစ်ကလည်း ဝါနာကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။ သို့ ရာတွင် ဝါနာက ဂျာမန်အသင်းတွင် လက်ရှိဘွန်ဒက်စ်လီဂါရာသီကုန်ချိန်အထိ ကစားလိုပြီးနောက်မှ အပြီးသတ်ပြောင်းရွှေ့လိုသည်။ ဝါနာသည် လိုက်ပ်ဇစ်အသင်းနှင့် ၂၀၂၆ အထိစာချုပ်သက်တမ်းရှိနေသော်လည်း လက်ရှိဘွန်ဒက်စ်လီဂါတွင် နှစ်ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခြင်းကြောင့် လျှော့ဈေးဖြင့်အသင်းပြောင်းလိုခြင်းဖြစ်သည်။

မန်ယူတွင် မာစီရယ်သည် ဒဏ်ရာပြဿနာမကြာခဏဖြစ်ပေါ်နေခြင်းနှင့် ဟွိုက်ချ်လန်းသည် လက်ရှိဘောလုံးရာသီတွင် နှစ်ကြိမ်တိုင်ဒဏ်ရာ ရခဲ့ခြင်းကြောင့် တန်းဟက်သည်အသင်းတိုက်စစ်မှူးနေရာကို အားဖြည့်လိုခြင်းဖြစ်ကြောင်းလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။ ဝါနာအနေဖြင့် ပရီးမီးယားလိဂ်တွင် ခြေစွမ်းပြလိုပါက ချဲလ်ဆီးတွင် ကစားစဉ်ကထက် ခြေစွမ်းတည်ငြိမ်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း မီဒီယာများက သုံးသပ်ဖော်ပြသည်။