29 Nov 2023

ပီအက်စ်ဂျီနှင့်ကစားသည့်ပွဲတွင် နယူးကာဆယ်အသင်းက ပင်နယ်တီပေးရခြင်းနှင့်ပတ်သက်၍ အသင်း၏ ဂန္ထဝင်တိုက်စစ်မှူး ရှီးယားရားက ဝေဖန်ပြောဆိုလိုက်သည်။ နယူးကာဆယ်သည် ပထမပိုင်းတွင် အိုက်ဆက်သွင်းယူသည့် ဂိုးဖြင့် ပွဲပြီးကာနီး နောက်ဆုံးအချိန်အထိ ဦးဆောင်နေနိုင်ခဲ့သည်။ ပဲရစ်တွင် ကစားသည့်အဆိုပါပွဲတွင် အနိုင်ရခဲ့ပါက မန်နေဂျာအက်ဒီဟောင်း၏ အသင်းသည် အုပ်စုတွင် အဆင့် ၂ နေရာသို့ တက်လှမ်းသွားမည်ဖြစ်သည်။

သို့ရာတွင် နာကျင်အချိန်ပို ၈ မိနစ်တွင် နယူးကာဆယ်မှ လစ်ဗရာမန်တိုက ဂိုးဧရိယာအတွင်း လက်ထိသည်ဆိုကာ ပင်နယ်တီပေးခဲ့ရခြင်းဖြစ်သည်။ ဘောလုံးသည် လစ်ဗရာမန်တို၏ ရင်ဘတ်ကိုထိမိပြီးနောက် လက်နှင့်ထိမိခဲ့ခြင်းဖြစ်ကြောင်းလည်း မီဒီယာအချို့က သတင်းဖော်ပြသည်

အဆိုပါပင်နယ်တီကို ပြင်သစ်တိုက်စစ်မှူးဘာပေက ဂိုးအဖြစ်ပြောင်းလဲလိုက်နိုင်ပြီးနောက် ပီအက်စ်ဂျီအသင်းသည် နောက်တစ်ဆင့်တက်ရန် အခွင့်အရေးအချို့ကို ဖန်တီးနိုင်ခွင့်အားကောင်းသွားခဲ့သည်။ အဆိုပါပင်နယ်တီကို ခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မှူး ရှီးယားရားက ဗီအေအာကို ဆိုရှယ်မီဒီယာမှ တဆင့်ဝေဖန်ခဲ့သည်။

လက်ရှိအချိန်တွင် အက်ဒီဟောင်း၏အသင်းသည် ပီအက်စ်ဂျီနောက်နှစ်မှတ်အကွာဖြင့် အုပ်စုတွင်း အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ပီအက်စ်ဂျီအသည် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ရန် သေချာနေပြီဖြစ်သောဒေါ့မွန်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်ပြီး နယူးကာဆယ်သည် အေစီမီလန်အသင်းနှင့် ကစားရန်ရှိနေသည်။ နယူးကာဆယ်နောက်တစ်ဆင့်တက်ရေးမှာ ဒေါ့မွန်နှင့် ပီအက်စ်ဂျီပွဲမှ ရလဒ်အပေါ်တွင် မူတည်နေသည်။ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာ ၁၃ တွင်ကစားရမည်ဖြစ်သည်။