20 Feb 2024

ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိနည်းပြချုပ် တူချယ်ကို ရာထူးမှ ထုတ်ပယ်ဖြစ်ပါက မန်ယူအသင်းမန်နေဂျာဟောင်း တစ်ဦးဖြစ်သော ဆိုးရှားကို ယာယီမန်နေဂျာအဖြစ် ခန့်အပ်တာဝန်ပေးရန် စဉ်းစားနေကြောင်း ဂျာမနီမီဒီယာများက သတင်းဖော်ပြသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် သုံးပွဲဆက်ရှုံးနိမ့်ပြီးနောက် ဘွန်ဒက်စ်လီဂါတွင် ထိပ်ဆုံးမှ ရပ်တည်နေသော လေဗာကူဆင်အသင်းနှင့် ၈ မှတ်ကွာဟနေပြီး ဒုတိယနေရာတွင် ရပ်တည်နေကာ တူချယ်မှာလည်း ဖိအားများဝင်နေပြီဖြစ်သည်။ ဘိုင်ယန်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘိုချမ်ကို အဝေးကွင်းတွင် ရှုံးနိမ့်ပြီးနောက် တူချယ်ကို ရာထူးမှ ထုတ်ပယ်ပြီး လေဗာကူဆင်နည်းပြချုပ် အလွန်ဆိုကို အမြဲတမ်းနည်းပြချုပ်အဖြစ်ခန့်အပ်ရန် ဘိုင်ယန်က ကြိုးစားနေကြောင်း လက်ရှိရာသီမကုန်မီတွင် တူချယ်ကို ရာထူးမှ ထုတ်ပယ်ဖြစ်ပါက ယခင်နည်းပြချုပ်ဟောင်း ဟန်စီဖလစ်နှင့် ဆိုးရှားတို့ကို ယာယီနည်းပြချုပ်အဖြစ် ရာသီကုန်သည်အထိ တာဝန်ပေးရန်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆိုးရှားသည် လက်ရှိအချိန်တွင် ဥရောပဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်လေ့လာသူအဖြစ်တာဝန်ယူနေပြီး ချန်ပီယံလိဂ်ပွဲစဉ်များကို ကြည့်ရှုကာ မှတ်တမ်းများပြုစုနေသည်။ လက်ရှိအချိန်အထိတွင် ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများသည် ချဲလ်ဆီးအသင်းနှင့်အတူ ချန်ပီယံလိဂ်ရယူနိုင်ခဲ့သော တူချယ်ကို ရာထူးမှ ထုတ်ပယ်ရန် မဆုံးဖြတ်ရသေးကြောင်းလည်း မီဒီယာများက ဆက်လက်ဖော်ပြသည်။