23 Apr 2023

ဒေါ့မွန်အနေဖြင့်  ဘွန်ဒက်စ်လီဂါအမှတ်ပေးချန်ပီယံဆုကို  ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစား အားထုတ်သွားမည်ဖြစ်ကြောင်း အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ့မွန်သည် စနေနေ့ညက ကစားသည့်ပွဲတွင် ဖရန့်ဖွတ်ကို ၄-၀ ဖြင့်အနိုင်ရရှိပြီးနောက် တန်းစီဇယားတွင် ၂၉ ပွဲကစားရမှတ် ၆၀ ရရှိကာ ထိပ်ဆုံးမှ ဦးဆောင်နေသည်။

လာမည့်နွေရာသီတွင် အသင်းပြောင်းမည်ဟု သတင်းထွက်နေသော ဘယ်လင်ဂမ်သည် လက်ကျန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်များတွင် ဒေါ့မွန်အတွက် အစွမ်းကုန်အားထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိဘောလုံးလောကရဲ့ နာမည်အကြီးဆုံးလူငယ်ကစားသမားနှစ်ဦး

“ရိုးရိုးသားသားပြောရရင် ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေ့ကိုကျော်ပြီး အများကြီးမပြောချင် ပါဘူး။ နောက်ထပ် ၅ ပွဲလောက်က တော်တော်ကိုခက်ခဲမှာပါ။ ကျွန်တော်တို့က ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရနေပြီလို့ ပြောဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ ဒေါ့မွန်နဲ့အတူ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရရှိရေးက ကျွန်တော့်အတွက် အရေးအကြီးဆုံးဖြစ်နေပါတယ်။ ဒီလိုအောင်မြင်မှုရရှိဖို့ ကျွန်တော့်အနေနဲ့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ဘယ်လင်ဂမ်က ပြောဆိုလိုက်သည်။