19 Feb 2024

ဂျာမန်ဘွန်ဒက်စ်လီဂါတွင် တူချယ်နှင့်အတူ ရုန်းကန်နေရသော ဟယ်ရီကိန်းကို ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းက လာမည့်ဘောလုံးရာသီမစတင်မီတွင် အံ့အားသင့်ဖွယ်ခေါ်ယူရန် ကြိုးစားနေသည်။ တူချယ်၏ ဘိုင်ယန်မြူးနစ်အသင်းသည် ရုန်းကန်နေရပြီး အမှတ်ပေးဇယားတွင် ထိပ်ဆုံးရောက်နေသော နည်းပြချုပ် ဇာဗီအလွန်ဆို၏ လေဗာကူဆင်အသင်းနှင့် ၈ မှတ်ကွာဟနေသည်။ တနင်္ဂနွေနေ့ညက ဘိုချမ်ကို အဝေးကွင်းတွင် ၃-၂ ဖြင့်ရှုံးနိမ့်ပြီးနောက် ဘိုင်ယန်သည် ချန်ပီယံပြေးလမ်းမှ တစ်စတစ်စနှင့် ဘေးရောက်လာပြီး တူချယ်နှင့် ကိန်းတို့အပေါ်တွင် ဖိအားများလာခဲ့သည်။

ကိန်းသည် လက်ရှိဘောလုံးရာသီတွင် ဘိုင်ယန်အတွက် ၂၅ ဂိုးသွင်းယူထားသော်လည်း ဘိုင်ယန်မှာ ချန်ပီယံဖြစ်ရန် အလှမ်းဝေးသကဲ့သို့ ဖြစ်လာနေပြီး ဘိုချမ်ကို ရှုံးနိမ့်အပြီးတွင် ၃ ပွဲဆက်တိုက်ရှုံးနိမ့်သည့် မှတ်တမ်းဆိုးတစ်ခုပါ ရရှိသွားသည်။

ကိန်းသည် စပါးတွင်ကစားစဉ် ၂၇၈ ဂိုးသွင်းယူထားပြီး စပါးအသင်း၏ ဂိုးအများဆုံးသွင်းသော ကစားသမားအဖြစ်လည်း ရပ်တည်နေသည်။ ချဲလ်ဆီးအသင်းတွင် ၎င်း၏ငယ်ဆရာတစ်ဦးဖြစ်သူ ပိုချက်တီနိုက မန်နေဂျာအဖြစ်ဆောင်ရွက်နေခြင်းကြောင်း အသင်းပြောင်းနိုင်သော်လည်း စပါးအသင်း၏ မြို့ခံပြိုက်ဘက်ဖြစ်သော အသင်းကို မပြောင်းရွှေ့နိုင်ဟုလည်း သတင်းအချို့က သုံးသပ်ဖော်ပြသည်။

ဘိုင်ယန်သည် ကိန်းအတွက်ပြောင်းရွှေ့ကြေးပေါင် ၈၆ သန်းပေးခဲ့ရပြီး ထိုမျှသော ငွေကြေးကို ပေးချေပါက ကိန်းကို စတန်းဖို့ဒ်ဘရစ်ချ်သို့ ခေါ်ယူနိုင်ဖွယ်ရှိသည်ဟု ချဲလ်ဆီးအသင်းက ယူဆနေသည်။