7 Oct 2023

လာမည့်တနင်္ဂနွေနေ့တွင် ကစားမည့် ကာဂလီယာရီနှင့် အဝေးကွင်းပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ပါက အသင်း၏ နည်းပြချုပ် မော်ရင်ညိုကို အလုပ်မှထုတ်ပယ်ရန် ရိုမာအသင်းအုပ်ချုပ်ရေးအဖွဲ့က အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းသတင်းများထွက်ပေါ်လာသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်းတွင် ဥရောပဖလားတစ်လုံးကို အရယူထားနိုင်သော်လည်း မော်ရင်ညို၏ ရိုမာအသင်းသည် လက်ရှိဘောလုံးရာသီတွင် ခြေစွမ်းဆိုးဝါးနေပြီး စီးရီးအေတန်းစီဇယားတွင် အဆင့် ၁၃ နေရာ၌သာ ရပ်တည်နေသည်။

မော်ရင်ညို၏အသင်းသည် ချဲလ်ဆီးမန်နေဂျာဟောင်း ရေနာရီကိုင်တွယ်သည့် ကာဂလီယာရီနှင့် တွေ့ဆုံသည့်ပွဲတွင် ရလဒ်မကောင်းပါက ၎င်း၏ ရိုမာအသင်းနည်းပြချုပ်ဘဝ အဆုံးသတ်သွားရန် အလားအလာများနေကြောင်း သတင်းများက သုံးသပ်ဖော်ပြသည်။ တန်းတက်ကာဂလီယာရီအသင်းကို အနိုင်မရပါက မော်ရင်ညိုက အလုပ်မှထုတ်ရန် အသင်းဥက္ကဌက ဆုံးဖြတ်ထားပြီးသားဖြစ်ကြောင်း အီတလီဘောလုံးမီဒီယာတစ်ခုက ဖော်ပြသည်။

မော်ရင်ညိုကို အလုပ်မှထုတ်ပယ်ပြီးလျှင် ဟော့ဖန်ဟိန်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကို ကိုင်တွယ်ခဲ့သည့် ဂျာမန်လူမျိုး ဟန်ဆီဖလစ်ခ်ကို နည်းပြချုပ်အဖြစ်ခန့်အပ်ရန် ရိုမာအသင်းက စီစဉ်ထားကြောင်းလည်း မီဒီယာများက ဆက်လက်ဖော်ပြသည်။