1 Sep 2023

လူကာကူသည် တစ်ရာသီအငှားဖြင့် စီးရီးအေကလပ် ရိုမာသို့ ရောက်ရှိသွားပြီဖြစ်သည်။ ဘယ်ဂျီယမ်တိုက်စစ်မှူး လူကာကူသည် အခြားစီးရီးအေကလပ်အသင်းများဖြစ်ကြသော အင်တာမီလန်နှင့် ယူဗင်တပ်စ်အသင်းတို့သို့ ပြောင်းရွှေ့ရန် သတင်းထွက်ပေါ်လာပြိးနောက် ရိုမာသို အငှားဖြင့် ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

လူကာကူည် ယခုနှစ်ဘောလုံးရာသီတွင် ရိုမာအသင်း၏ ၇ ယောက်မြောက်ခေါ်ယူသောကစားသမား ဖြစ်လာသည်။ “ကလပ်အသင်းနဲ့ ပရိသတ်တွေရဲ့ကြိုဆိုမှုက ကျွန်တော့်ကို စိတ်ဓာတ်တက်ကြွစေပါတယ်။ အသင်းအတွက်အစွမ်းကုန်ကြိုးစားချင် လာအောင် တွန်းအားပေးလိုက်သလိုပါပဲ။ ပြိုင်ဘက်အဖြစ်လာကစားကတည်းက ရိုမာအသင်းရဲ့ ကွင်းအကြောင်းကို သိထားပြီးသားပါ။ အခုတော့ ရိုမာအသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ရတာဝမ်းသာပါတယ်။ အလုပ်ကြိုးစားပြီး တစ်ပွဲချင်းစီတိုးတက်လာအောင် လုပ်သွားမှာ ဖြစ်ပါတယ်။ ရိုမာအသင်းဖော်တွေနဲ့ လက်တွဲကစားဖို့ကို မစောင့်နိုင်အောင်ဖြစ်နေပါပြီ”ဟု လူကာကူက ပြောဆိုလိုက်သည်။